စိတ်ကျေနပ်မှူ အပေးနိုင်ဆုံး ဆောက်လုပ်ရေး Brand : SCG

SCG  လို့  ဆိုလိုက်တာနဲ့  အနီရောင် ဆင်တံဆိပ်နဲ့  ဆောက်လုပ်ရေး ပစ္စည်း Brand ကိုပြေးမြင်မိကြမှာပါ ။ ဒီနိုင်ငံ နဲ့  လည်း ရင်းနှီးမှု အရှိဆုံးဆောက်လုပ်ရေး Brand တစ်ခု ဖြစ်တဲ့ SCG ဟာ အရှေ့တောင်အာရှ ရဲ့ သက်တမ်းအရှည်ကြာဆုံးနဲ့  အကြီးမားဆုံး ဆောက်လုပ်ရေး ပစ္စည်းထုတ်လုပ်တဲ့ ကုမ္မဏီပဲဖြစ်ပါတယ် ။  SCG ရဲ့ အဓိပ္ပါယ် အပြည့်အစုံကတော့ Siam Cement Group ဖြစ်ပါတယ် ။

SCG
Siam Cement Group

                SCG ကို ၁၉၁၃ ခုနှစ်တွင် King Rama VI မှ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ထိုအချိန်မှ စတင်ကာ ထိုင်းနိုင်ငံရဲ့ ဖွံဖြိုးတိုးတက်မှူ လုပ်ငန်းစဉ်များမှာ မရှိမဖြစ် အနေနဲ့  ရည်တည်လာခဲ့တာပဲဖြစ်ပါတယ် ။

King RAMA VI

                       ဆောက်လုပ်ရေးမှာ ကျော်ကြားတဲ့ ဆိုရိုးတစ်ခု ရှိပါတယ် ။

“ အဆောက်အဦးတစ်ခုရဲ့ ကြီးကျယ်ခမ်းနားတဲ့ အလှကို သင် တွေ့ ရတဲ့အခါ ၊ ဒီအဆောက်အဦးဟာ အချိန် တွေ ကို ဘယ်လောက်ထိ ဖြတ်သန်းခဲ့လဲ ဆိုတာကိုပါ သင်ခံစားနိုင်ပါတယ် “

SCG ဟာလည်း ထိုနည်းလည်းကောင်းပါပဲ ။ ကျွန်တော်တို့  ငယ်စဉ်ကတည်းက ရင်းနှီးကျွမ်းဝင် ခဲ့တဲ့ Brand တစ်ခု အနေနဲ့  သူဘယ်လောက်ရပ်တည်ခဲ့လဲ ဆိုတာကို အနီရောင် ဆင်တံဆိပ်လေးကို မြင်ရုံနဲ့ တင် ကျွန်တော်တို့ ခံစားနိုင်မယ်လို့  ထင်ပါတယ် ။

SCG 100th Years Building design

                          SCG ရဲ့ အခြေခံ ဖွဲ့စည်းတည်ဆောက်မှူကို ကြည့်မယ်ဆိုရင် SCG ဘိလပ်မြေနှင့် ဆောက်လုပ်ရေးပစ္စည်း ဌာန ၊ SCG ဓာတုဗေဒ ဌာန နဲ့  SCG ထုတ်ပိုးမှူ ဌာန ဆိုပြီး ၃ မျိုး ခွဲထားတာကိုတွေ့ ရမှာပါ ။ ဒါကြောင့်မို့  SCG ရဲ့ Products တွေကို ကြည့်မယ်ဆို ရင် အမြဲ မပြတ် တိုးတက်ပြောင်းလဲ နေတာကို တွေ့ ရမှာဖြစ်ပြီး သပ်ရပ်လှပတဲ့ ထုတ်ပိုးမှူ နဲ့  အတူ အရည်အသွေးကောင်း စိတ်ချရတဲ့ ဆောက်လုပ်ရေး Brand တစ်ခုအဖြစ်လည်း ခံစားရစေတာဖြစ်ပါတယ် ။

                           SCG ပို့ လန်း ဘိလပ်မြေအုတ်စီအချောကိုင် ဘိလပ်မြေ နဲ့  SCG White Cement တို့ ဟာ လက်ရှိဈေးကွက် မှာ အရောင်းရဆုံး SCG ဘိလပ်မြေ အမျိုးအစားတွေ ပဲ ဖြစ်ပါတယ် ။ နံရံကာ တပ်ဆင်ခြင်း ၊ မျက်နှာကျက် တပ်ဆင်ခြင်း နဲ့  ကြမ်းခင်းတပ်ဆင်ခြင်းတွေ မှာတော့ SCG Fiber Cement Board တွေကို အသုံးများကြပါတယ် ။ SCG Smartboard တပ်ဆင်ခြင်း အတွက် SCG  ပလာစတာ ဂျွိုင့် ကွန်ပေါင်း ကိုလည်း အသုံးပြုနိုင်ပါသေးတယ် ။

SCG White CEMENT
SCG ပို့ လန်းဘိလပ်မြေ
SCG အုတ်စီအချောကိုင်ဘိလပ်မြေ

 

SCG Smartboard

               

Eco System အကျိုးပြု သစ်အစားထိုး ပစ္စည်းများ အနေနဲ့  ဆိုရင်တော့ မျက်နှာကျက်သစ်သားပြား ၊ အမိုးတံစက်မြိတ်ကာ လိုင်နာပြား ၊ မျက်နှာစာပိတ်သစ်သားပြား ၊ ခြံစည်းရိုးကာပြား ၊ စမတ်သစ်သားပြား ၊ အရိပ်ပေး သစ်သားပြား ၊ နံရံအောက်ခြေ နှင့် ကြမ်းခင်း  အလှဆက် သစ်သားပြား နဲ့ Modeena အလှဆင်သစ်သားပြားများကိုလည်း အသုံးပြုနိုင်ပါသေးတယ် ။


                            ထုတ်လုပ်ထားတဲ့ Products တွေ အနေနဲ့  ကြည့်မယ်ဆိုရင်တော့ အမိုးပြား နဲ့  အမိုးပြား ဆက်စပ်ပစ္စည်းတွေ ၊ လမ်းခင်း ပစ္စည်းတွေ အပြင် အခြား Special Cement တွေ လည်း အများအပြားကျန်ရှိပါသေးတယ် ။

                           ကန်ထရိုက်တာတွေ အတွက် Recommend ပေးရမယ်ဆိုရင်တော့ SCG ဆောက်လုပ်ရေး ပစ္စည်းတွေဟာ ကွန်ဒိုဆောက်လုပ်ရေးလုပ်ငန်းများ ၊ ဆေးရုံ ၊ ဟိုတယ်ဆောက်လုပ်ရေး လုပ်ငန်းများ ၊ အဆင့်မြင့်လူနေ အိမ်ယာ စီမံကိန်းများ နဲ့  စားသောက်ဆိုင်များ ဆောက်လုပ်ရာမှာ အသုံးပြုဖို့  အထူးသင့်လျှော်ပါတယ် ။

Decoration ကန်ထရိုက်တာတွေ အနေနဲ့ ဆိုရင်တော့ SCG ပစ္စည်းများ ကို အသုံးပြုနည်း ၊ တပ်ဆင်နည်း တွေကိုပါ လိုက်လံ ပြသပေးလျှက်ရှိပါတယ် ။ ဒါကြောင့်မို့  ဆောက်လုပ်ရေးပစ္စည်း လို့ ဆိုလိုက်တာနဲ့  တခြား brand တွေ ရှာဖွေ နေတာထက်စာရင် SCG ကို ရွေးချယ်တာ အဆင်ပြေဆုံးဖြစ်မယ်လို့  အကြံပြုလိုက်ရပါတယ် ။

SCG Products တွေကို ၀ယ်ယူချင်တယ်ဆိုရင်တော့ YELLO MYANMAR မှာ ၀ယ်ယူလို့ ရနေပြီနော် ။

 

 

 

About the author