JOINT PROGRAM OF BUILK & MES sporsored by SCG

SCG Builk MES
วัน-เวลา:
May 17, 2018 – May 18, 2018 ทั้งวัน
2018-05-17T00:00:00+08:00
2018-05-19T00:00:00+08:00
สถานที่:
Skywalk Mandalay
Cost:
Free
Builk Software Training
Digital Company Online & Digital Present by Thet Oo Maung(Nickey)

Builk Myanmar နှင့် Mandalay MES တို့ မှ ပူးပေါင်းကျင်းပတဲ့ JOINT Program of BUILK & MES ကို ၁၇ရက် ၅ လ ၂၀၁၈ တွင် မန္တလေး ရတနာပုံစူပါစင်တာ ၄ ထပ်ရှိ MES ရုံးခန်းမှာ ကျင်းပဖြစ်ခဲ့ပါတယ် ။
အခမ်းအနား ကို ၉ နာရီ ကြေငြာခဲ့ပေမယ့်လည်း တကယ်တမ်းမှာတော့ ၉နာရီ မိနစ် ၃၀ မှသာ စတင်နိုင်ခဲ့ပါတယ် ။
သင်တန်း အဖွင့်ကိုတော့ Builk Myanmar မှ ကိုသက်ဦးမောင်မှ  Setting Digital Company Online with Builk ခေါင်းစဉ်ဖြင့် Presentation စတင်ခဲ့ပါတယ် ။

Digital Company Setting up
 Digital Workflow for Construction Business Setting
Digital Workflow for Construction Business Setting

ထို့နောက်သင်တန်းတက်ရောက်လာသူများကို BUILK Myanmar Team မှ Company Profile မှ ကူညီ ဖွင့်ပေးခဲ့ကြပါတယ် ။
ထို့ နောက် Builk Myanmar ရဲ့ Software Training Engineer တစ်ဦးဖြစ်သူ ကိုသက်နိုင်မှ Digital Workflow for Construction ခေါင်းစဉ်ဖြင့် လက်ရှိကုမ္မဏီ ၂သောင်းကျော် လည်ပတ် အသုံးပြုနေသော Builk Software ဖြင့် ဆောက်လုပ်ရေးလုပ်ငန်း လည်ပတ်ပုံကို ရှင်းလင်းပြသ ပေးခဲ့ပါတယ် ။

 

SCG Product flyers and Catalouge

ထို့ နောက်မှာတော့ ထမင်းစားချိန် ၄၅ မိနစ် အနားပေးခဲ့ပါတယ် ။ နေ့  လည်စာအဖြစ် SCG မှ ကြက်ဆီထမင်းဖြင့် ဧည့်ခံကျွေးမွေး ခဲ့ပြီး သင်တန်း တက်ရောက်လာသူများကို SCG Product Knowledge Sharing များ Promotion အစီအစဉ်များ လည်း ပြုလုပ်ပေးခဲ့ပါတယ် ။

ထို့နောက် နေ့ လည် ထမင်းစားပြီးချိန်မှာတော့ ကိုသက်ဦးမောင်မှ ဆက်လက်ပြီး 8 Year From Now – A Daily Life of Contractor ခေါင်းစဉ်ဖြင့် Presentation Slide Share ပြုလုပ်ပေးခဲ့ပါတယ် ။

8YFN for Contractors

ကိုသက်ဦးမောင် ရဲ့ Presentation Slide အပြီးမှာ ကိုသက်နိုင်မှ Construction Cost Control; Program ကို ဆက်လက်သင်ကြားပေးခဲ့ပါတယ် ။

Event 2nd Day
Event 2nd Day
Event 2nd Day
Event 2nd Day
Event 2nd Day
Event 2nd Day
SCG Facebook Page Vinyl

နေ့လည် Tea Break ကိုလည်း SCG မှ ဆက်လက် ဧည့်ခံပေးခဲ့ပါတယ် ။ ညနေပိုင်း ၄နာရီမှာတော့ အခမ်းအနားအောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။ ၁၈ ရက်နေ့ မှာလည်း  အထက်ပါ အစီအစဉ် အတိုင်း သင်တန်းကို ဆက်လက်ကျင်း ပဖြစ်ခဲ့ပါတယ် ။

Builk Myanmar အနေဖြင့် အစက သင်တန်းကို ၁ ရက်ထဲပြုလုပ်ဖို့  စီစဉ်ခဲ့ပေမယ့် Registered လူအရေအတွက် နဲ့  အခန်းအနေအထားတို့  ကြောင့် သင်တန်းကို ၂ရက်ခွဲ ပြုလုပ်ခဲ့ရပါတယ်။ တန်းခွဲ ၂ ရက်စလုံးမှာ ခုံအပြည့် တက်ကြွစွာ လာရောက်သင်ကြား ကြတဲ့ ဆောက်လုပ်ရေး မိသားစု ၀င်များ အားလုံးကို Builk Myanmar မှ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ရှိပါတယ် ။ ထို့ အပြင် သင်တန်းဖွင့်လှစ်သင်ကြားနိုင်စေရန် အကောင်းဆုံး အကူပေးပေးပါသော MES ရုံးမှ တာဝန်ရှိသူများ ၊ အစားအသောက်အတွက် ကူညီပေးပါသော Sponsor SCG ရုံးမှ ၀န်ထမ်းများ အားလုံးကို အထူး ကျေးဇူးတင်ပါတယ်။ ယခုလိုအောင်အောင်မြင်မြင် ဖြစ်မြောက်တဲ့ ပွဲအတွက်လဲ ၀မ်းသာ ဂုဏ်ယူမိပါတယ် ။
Builk Myanmar အနေနဲ့  ဆောက်လုပ်ရေးလောက ကို ယခုထက် ပိုမို အကျိုးပြုနိုင်အောင် ကြိုးစားဖို့  အတွက် အားအင်တွေ ဖြစ်စေခဲ့ပါတယ် ။

About the author