Builk ကို အသုံးပြုခြင်းဖြင့် ကန်ထရိုက်တာတွေ ရနိုင်တဲ့ အကျိုးကျေးဇူး ၁၀ ချက်

လက်ရှိ မြန်မာပြည်ရဲ့ ဆောက်လုပ်ရေးလောက ရဲ့ အခြေ အနေဟာ ခက်ခဲလျှက်ရှိပါတယ်.။

ဒါပေမယ့်  BUILK ကတော့ ကန်ထရိုက်တာတွေ အတွက် အမြဲရှိနေမှာပါ ။ BUILK အနေနဲ့  လေ့လာ ရသလောက်တော့ ကန်ထရိုက်တာ တော်တော်များများ ဟာ သူတို့ ရဲ့ အဆောက်အဦး ဒီဇိုင်းတွေထက် သူတို့ ရဲ့ ၀န်ထမ်းတွေ နဲ့  လုပ်ငန်းပိုင်းဆိုင်ရာ မှတ်တမ်း မှတ်ရာတွေ စီမံခန့်ခွဲမှူတွေ ကို ပိုပြီး ဂရုစိုက်တက်ကြပါတယ်။ငွေတွေ ဘယ်လောက်ကုန်ကျနေလဲ ။ ဘယ်အပိုင်းတွေ ဘယ်နေရာတွေ အတွက် အဓိက ကုန်ကျနေ သလဲ ။ ဘတ်ဂျက်ထဲ မှာ ပျောက်နေတဲ့ ပိုက်ဆံတွေ က… ဘယ်အတွက်ကုန်ထားတာလဲ ။

ဒီမေးခွန်းတွေကတော့ ပြောစရာမလိုလောက်အောင် ကန်ထရိုက်တာတွေ အနေနဲ့ နေ့စဉ် ကြုံတွေ့  နေရတဲ့ ကိစ္စတွေ ဖြစ်ပါတယ် ။ ဒါပေမယ့် အရမ်းများလာပြီး ပရမ်းပတာ ဖြစ်လာရင်တော့ ခေါင်းကိုက်ရတော့တာ ပါပဲ ။
ဒီနေ့  ကန်ထရိုက်တာတွေ အတွက် BUILK ကို အသုံးပြု ပြီး ရနိုင်မယ့် အကျိုးကျေးဇူး ၁၀ ချက်ကို ပြောပြပေးမှာဖြစ်ပါတယ် … ။ ကန်ထရိုက်တာ အလုပ်ကို အခုထက်ပိုပြီး စိတ်ချမ်းချမ်းသာသာ လုပ်နိုင်စေဖို့ ပေါ့ ။

၁ ။ ငွေကြေးထိန်းချုပ်မှူ စနစ် (Cost Control System ) က လုပ်ငန်းကို ပိုမို ထိရောက်စေပါလိမ့်မယ် ။

စီမံကိန်း ရဲ့ အရှုံး ၊ အမြတ် နဲ့  လုပ်ငန်းတစ်ခုလုံးရဲ့ ဆောင်ရွက်နေမှူကို လေ့လာဆန်းစစ်လို့ ရတယ် ။ ကိုယ့်လုပ်ငန်းဆောင်ရွက် တဲ့ အမြန် နှုန်း ကို ခြေရာခံနိုင်မယ် ။


၂ ။ အွန်လိုင်းကနေ အလွယ်တကူ အသုံးပြုနိုင်မယ် ။

ကိုယ့်ရဲ့ Email နဲ့  Password သာမှတ်မိနေရင် ဘယ်နေရာကနေမဆို အလုပ်လုပ်လို့ ရပြီလို့ ပြောလို့ ရတယ် ။ Laptop မှ မဟုတ်ဘူး Tablet တွေ စမတ်ဖုန်းတွေကနေ လည်း ကိုယ့်လုပ်ငန်း အခြေ အနေကို စောင့်ကြည့်နေ ၀င်ကြည့်နေလို့ ရတယ် ။

၃။လုပ်ငန်း အချက်အလက်တွေကို အချိန်နဲ့ တပြေးညီ သိရှိနိုင်မယ် ။

သတင်းနည်းပညာ ရဲ့ အရှိန်အဟုန်က အလွန်မြန်ပါတယ်။ မိမိလုပ်ငန်း အချက်အလက်တစ်ခုကို ၀န်ထမ်းတစ်ယောက် ထည့်သွင်းလိုက်တိုင်းမှာ မိမိဆီမှာ ဒီအချက်အလက်ကြောင့် လုပ်ငန်းတိုးတက်သွားလား ဒါမှမဟုတ် ရှူံးနိုင်ချေ ဖြစ်စေသလား ပေါ်လာမှာ ဖြစ်ပါတယ် ။ ဒါကို အခြေခံပြီး စီမံကိန်းတစ်ခုလုံရဲ့  ဆောင်ရွက်မှူတိုင်းကို အသေးစိတ် စောင့်ကြည့် စစ်ဆေးနေလို့ ရနိုင်ပါတယ် ။

၎။အချက်အလက်တွေအားလုံး သက်သေခံနဲ့ တကွရှိနေလိမ့်မယ် ။

စာရွက်စာတမ်းတွေ ပျောက်မှာ မပူရတော့ပါဘူး ။ လုပ်ငန်းဆောင်ရွက်ပုံ တစ်ဆင့်ချင်းစီက အစ Cloud မှာသွားသိမ်းပေးထားပါတယ် ။ Back up System နဲ့ တကွပါ ။ ဒီအချက်အလက်ကို ဘယ်သူ ဘယ်ဝါ ထည့်သွင်းတယ် ။ ဘယ်သူခွင့်ပြုတယ်ဆိုတာက အစ နာမည်နဲ့ တကွ မှတ်တမ်းတင်ပေးပါတယ် ။ တစ်ယောက်နဲ့ တစ်ယောက် သူ့ကြောင့် နင့်ကြောင့်ရယ် အငြင်းပွားမနေပါနဲ့ တော့ ။

၅။ ကုန်ကျစရိတ် အကုန်လုံးကို အလွယ်တကူ ကြည့်လို့ရမယ် ။

ကုန်ကျစရိတ် နဲ့ ငွေပေးချေမှူ အားလုံးကို အမျိုးအစားခွဲပြီး ကြည့်နိုင် မြင်နိုင်မယ် ။ စီမံကိန်း အားလုံးရဲ့ ကုန်ကျမှူ တိုင်းကို ခွဲခြမ်းစိတ်ဖြာ လေ့လာလို့ရတယ် ။ ဒါ့အပြင် သတ်မှတ်ထားတဲ့ ကုန်ကျစရိတ်ထက် ပိုတဲ့အခါ အသိပေးတဲ့ စနစ်ပါတာကြောင့် ငွေကြေးစီမံခန့်ခွဲမှူကို ပိုမိုလွယ်ကူစွာလုပ်ဆောင်နိုင်မယ် ။

၆။ အချက်အလက်တွေ အားလုံး လုံခြုံစိတ်ချစွာရှိနေမယ် ။

ဒါကတော့ ကုမ္မဏီရဲ့ စီမံခန့်ခွဲသူတွေ အတွက် အကောင်းဆုံး အချက်ဖြစ်မယ်ထင်ပါတယ် ။ မိမိလုပ်ငန်းရဲ့ အချက်အလက်တွေကို အခွင့်ရှိတဲ့သူပဲ မြင်နိုင်အောင် သတ်မှတ်ပေးလို့ ရတယ်။ သုံးစွဲသူအားလုံးရဲ့ အချက်အလက်တွေ အားလုံးကို General Data Protection Regulation  နဲ့ အညီ ကာကွယ်ပေးထားတဲ့ အတွက် ၁၀၀ ရာခိုင်နှုန်း လုံခြုံစိတ်ချ လို့ ရပါတယ် ။

၇။ ကန်ထရိုက်တာတွေ ရဲ့အသုံးပြု မှုအပေါ်မူတည်ပြီး ယုံကြည်စိတ်ချရမှူ ကို အဆင့်သတ်မှတ်ပေးပါတယ် ။

BUILK ကို ထိထိရောက်ရောက် အသုံးပြုရင်းနဲ့  မိမိ ရဲ့ ယုံကြည်စိတ်ချရမှူ စံနှုန်းကို မြှင့်တင်နိုင်ပါတယ်။


၈။ အချိန်ကုန်သက်သာစေမယ် ။

ဝန်ထမ်းတွေရဲ့ အစီရင်ခံစာ ကို စောင့်နေဖို့  အချိန်မလိုတော့ပါဘူး ။ ကားပေါ်မှာတင် ကိုယ့်လုပ်ငန်းရဲ့ အခြေအနေတွေ အားလုံးကို ကြည့်လို့ရတယ် ။ ၀န်ထမ်းတွေ တင်သမျှ အစီရင်ခံစာတွေ ကြည့်လို့ ရမယ် ။ ခွင့်ပြုသင့်တာ ခွင့်ပြုလိုက်ရုံပါပဲ။ ရုံးအထိသွား ဒါမှမဟုတ် ဆိုဒ် အထိသွား သူတို့ ကို အစီရင်ခံစာလုပ်ခိုင်း ၊ ကိုယ်က သေချာစစ်ဆေး … ဒီအတွက် ကုန်မယ့် အချိန်တွေ ကျော်လိုက်ပါ ။

၉။ အသင်းအဖွဲ့ စုစည်းမှူ ကို ထိရောက်စေမယ် ။

ကုမ္မဏီက ၀န်ထမ်း တစ်ယောက်မကျန် အတူ စုစည်းပြီး BUILK မှာကိုယ့်တာဝန် ကိုယ်ခွဲပြီး အလုပ်လုပ်နိုင်မယ် ။ ကန်ထရိုက်တာ အနေနဲ့ လည်း အကုန်လုံး တစုတည်း ရှိနေရင် စီမံခန့်ခွဲရ ပိုလွယ်လာလိမ့်မယ် ။


၁၀ ။ အခြားလုပ်ငန်းတွေ ထက် တစ်ပန်းသာ လာလိမ့်မယ် ။

BUILK ဟာ ဆောက်လုပ်ရေး Sector တစ်ခုလုံးကို အထောက်အကူ ပြုပေးနိုင်အောင် ကြိုးစားနေတာပါ ။ တက်နိင်သမျှ ကန်ထရိုက်တာတွေကို ကူညီပေးနိုင်ဖို့ ကြိုးစားနေပါတယ် ။ လက်ရှိမှာတော့ YELLO ကနေ တစ်ဆင့် ဆောက်လုပ်ရေး ပစ္စည်းတွေကို ဈေးသက်သက်သာသာ ၀ယ်လို့ ရနိုင်အောင် ကြိုစားနေပါတယ် ။ PRO NETWORK ကန်ထရိုက်တာ တွေ အတွက်  အထူးအခွင့်အရေး အစီအစဉ်တွေလည်း ဖန်တီးပေးနိုင်အောင် ကြိုးစားနေပါတယ် ။  

ဒီလို အကျိုးကျေးဇူးတွေကို စိတ်ဝင်စားတယ် ။ ရယူချင်တယ် ။ ကြိုးစားကြည့် ချင်တယ် ဆိုရင်တော့

BUILK Website ကို အခမဲ့ အသုံးပြုနိုင်ပါတယ် ။ ရာသက်ပန် အခမဲ့ပါ ။ Website အသုံးပြုဖို့ အတွက် လေ့လာသင်ယူချင်တယ် ဆိုရင်တော့ အပါတ်စဉ် အခမဲ့ သင်တန်းလည်း ရှိပါတယ် ။ အောက်မှာ Link လေးတွေ ပေးထားပါမယ် ။

About the author